Local News

မန္တလေးကုန်စည်ဒိုင်၏ ကုလားပဲဈေး ယခင်လထက်မြင့်တက်လာ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ နောက်လာမည့် ဇန္နဝါရီလလယ်လောက်တွင် ကုလားပဲများနှင့် ပဲမျိုးစုံအသစ်များ လှိုင်လှိုင်ဝင်ရောက်လာမည် ဖြစ်ကြောင်း၊ ကုလားပဲအသစ်များ မထွက်သေးသော်လည်း ကုလားပဲရွက်များခူး၍ ဈေးများတွင်ရောင်းချနေကြပြီး လက်ကားဈေး တစ်ပိဿာလျှင်ကျပ်၄၀၀၀၊ လက်လီတစ်ဆယ်သားကျပ်၅၀၀/ ၆၀၀ ဖြင့်ရောင်းချနေကြသည်ကိုသိရသည်။

ကုလားပဲဖြူလုံးကြီး(V-2) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ်၁၉၀၀၀၀မှ ၁၉၂၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၈၈၀၀၀၊ ယခင်လကျပ် ၁၂၃၀၀၀မှ ၁၂၄၀၀၀ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ်၂၀၀၀မှ ၄၀၀၀ ၊ ယခင်လထက်ကျပ် ၆၇၀၀၀မှ ၆၈၀၀၀ မြင့်တက်လာသည်။

ကုလားပဲဖြူလုံးကြီး(V-7) ၅၇.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ်၁၉၀၀၀၀မှ ၁၉၂၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၈၈၀၀၀၊ ယခင်လကျပ် ၁၂၃၀၀၀ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ်၂၀၀၀မှ ၄၀၀၀ ၊ ယခင်လထက်ကျပ်၆၇၀၀၀မှ ၆၉၀၀၀ မြင့်တက်လာသည်။

ကုလားပဲ (ထိုင်ဝမ်) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၁၆၄၀၀၀မှ ၁၆၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၆၅၀၀၀မှ ၁၆၇၀၀၀ ၊ယခင်လကျပ် ၁၁၈၀၀၀ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ်၁၀၀၀မှ ၂၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ်၄၆၀၀၀မှ ၄၇၀၀၀ မြင့်တက်လာသည်။

ကုလားပဲ(929) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၁၇၅၀၀၀မှ ၁၇၆၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၇၅၀၀၀မှ ၁၇၆၀၀၀၊ ယခင်လကျပ်၁၁၅၀၀၀မှ ၁၁၆၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၆၀၀၀၀ မြင့်တက်လာ သည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

 

Category: Local News